ဆီးရီးယားနိုင်ငံ အိုင်းဒလစ်ပြည်နယ်ရှိ စစ်သွေးကြွများကို သတိပေးသည့် အနေဖြင့် ရုရှားရေတပ်က မြေထဲပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ၁ ရက်မှ ၈ ရက်အထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး စစ်ရေယာဉ် စုစုပေါင်း ၂၅ စင်းခန့် ပါဝင်သည်။