အခက်အခဲတွေကို ကျော်လွှားခြင်း…. ***************************************** လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်…. ပေါင်းသင်းဆက်ဆံရေးမှာပဲဖြစ်ဖြစ်…. ပညာရေးမှာပဲဖြစ်ဖြစ် အခက်အခဲတွေရှိကြပါလိမ့်မယ်…. လူတိုင်းကတော့ အခက်အခဲနဲ့တွေ့ရင် စိတ်ညစ်၊ စိတ်ပျက်တတ်ကြပါတယ်….. တကယ်တမ်းကတော့ အခက်အခဲဆိုတာကတော့ ကိုယ်လက်ခံခံမခံခံ ရှိနေမှာက ရှိနေမှာပါပဲ။ တချို့အခက်အခဲ ဆိုရှောင်လွှဲလို့ မရတဲ့ အခက်အခဲမျိုးတောင် ရှိပါတယ်….။ ယင်းအခက်အခဲမျိုးဆိုရင် တတ်နိုင်သမျှ ပျက်စီးဆုံးရှုံးထိခိုက်မှုနည်းအောင် ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်…။ တချို့သော လူငယ်တွေ၊ လူကြီးတွေ မိမိတို့ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းတဲ့ နေရာမှာ နည်းမှန်၊ လမ်းမှန်နဲ့ မဖြေရှင်းမိတဲ့အတွက် တစ်ပူပေါ်၊ တစ်ပူဆင့် စတဲ့ ပြဿနာမျိုးတွေ ဖြစ်လာနိုင်ပါတယ်…။ မိမိကိုယ်ကို သတ်သေခြင်း မျိုးအပါအ၀င် တခြား သူတစ်ပါးထိခိုက်စေနိုင်သော ဖြေရှင်းနည်း၊ မိမိကိုယ်ကို ထိခိုက်စေနိုင်သော ဖြေရှင်းနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး…. အခက်အခဲဆိုတာမျိုးကို ဘယ်လိုဖြေရှင်းမလဲ…. ဘယ်လိုရင်ဆိုင်မလဲ ဆိုတာလေးတွေကို ဆွေးနွေးကြည့်ချင်ပါတယ်..ဗျ……. (၁) အသိအမှတ်ပြုပါ…. လူတိုင်းမှာ သူ့အခက်အခဲ နဲ့ သူရှိတာပါပဲ ဒါကြောင့်မလို့ မိမိတစ်ဦးတည်းတင်မက တစ်ခြားလူတွေလဲ အခက်အခဲ ရှိကြတာပဲ…..လူကြီး- လူကြီး အလျှောက်…. ကလေး…. ကလေးအလျှောက် အခက်အခဲရှိကြပါတယ်… ကျား၊မ ကြီး ငယ် မရွေး ဆင်းရဲ ချမ်းသာမရွေး အခက်အခဲ ရှိကြပါတယ်….. ပထမဦးဆုံးအလုပ်က မိမိအခက်အခဲကို မိမိသိအောင်ဖော်ထုတ်ပါ…..ပြီးရင် တကယ်ဖြေရှင်းဖို့လိုနေတဲ့အခက်အခဲ ဖြစ်ကြောင်းအသိအမှတ်ပြုပါ….. (၂) ပမာဏ ယင်းအခက်အခဲမှ မိမိကို ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ….ဘယ်လောက်ပမာဏထိ ထိခိုက်နိုင်သလဲ ဘယ်အပိုင်းတွေကို သွားထိခိုက်နိုင်သလဲ…. • ငွေရေးကြေးရေး - ဆုံးရှုံးသွားမှာလား • နာမည်ဂုဏ်သိက္ခာ - ထိခိုက်နိုင်သလား • ပညာရေး - အနှောက်အယှက်ဖြစ်နိုင်သလား • ကျန်းမာရေး - ထိခိုက်လာနိုင်သလား • စီးပွားရေး - ထိခိုက်လာနိုင်သလား • ပေါင်းသင်းဆက်ဆံရေး- ပျက်စီးသွားနိုင်သလား • အလုပ်အကိုင် - ထိခိုက်လာနိုင်သလား…… တစ်ချက်ခြင်းစီ ချရေးကြည့်လျှင် ပိုကောင်းပါတယ်…… ယင်းအချက်တွေကို ဘယ်လောက်တောင်ထိခိုက်နိုင်သလဲဆိုတာကိုပါ ချရေးသင့်ပါတယ်….. (၃) အချိန် ဖြစ်နေတာကြာပြီလား….. လောလောဆယ်ဖြစ်နေတာလား….. အနာဂါတ်မှ ဖြစ်နေတာလား စတာတွေကို သိဖို့လိုသလို အချိန်အတိုင်းအတာ ကြာလာသည်နှင့်အမျှ မိမိအခက်အခဲ ပိုမို ကြီးထွားလာနိုင်သလို၊ မိမိဆုံးရှုံးထိခိုက်မှု ပမာဏလဲ ပိုမိုများပြားလာနိုင်ပါတယ်…..။ ဒါကြောင့် ဘယ်အချိန်မှာ အပြီးဖြေရှင်းသင့်တယ်ဆိုတာကို ပဲ ဆုံးဖြတ်ထားရပါမယ်…။ အကယ်၍ ယင်းအခက်အခဲက အနာဂါတ်မှာ ကြုံလာနိုင်မယ့် အခက်အခဲဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားပြီး ဖြေရှင်းသင့်ပါတယ်…. (၅) ဖြေရှင်းခြင်း အခက်အခဲကိုလဲသိပြီ…၊ ပမာဏကိုလဲ သိပြီ….၊ ဖြေရှင်းသင့်တဲ့အချိန်ကိုလဲ သိပြီဆိုရင်တော့ ဖြေရှင်းနည်းကို စဉ်းစားရပါတော့မယ်….. တစ်ချို့ပြဿနာတွေ အခက်အခဲတွေက သွေးပူနေတုန်း၊ လောလောလတ်လတ် ဖြေရှင်းလိုက်ရင် မီးလောင်ရာ လေပင့်သကဲ့သို့ ပိုမိုကြီးထွားလာနိုင်သလို၊ မဖြေရှင်းပဲ ထားလိုက်ရင် လဲတဖြေးဖြေးလှိုက်စားလာနိုင်ပါတယ်….။ အမေးရှိလျှင်…. အဖြေရှိဆိုသကဲ့သို့ပင် အခက်အခဲ ရှိလျှင်ဖြေရှင်းနည်း…..ရှိပါတယ်….. ဖြေရှင်းနည်း ကောင်းတာနဲ့ ဖြေရှင်းနည်း မကောင်းတာ နှစ်မျိုးပဲ ကွာသွားတာပါ….။ မိမိအခက်အခဲကို ဖြေရှင်းတဲ့အချိန်မှာတော့ အတတ်နိုင်ဆုံး ဖြေရှင်းနည်း (၃) ခုမှ (၅) ခု အထိ စဉ်းစားထားဖို့ သင့်ပါတယ်…..။ မိမိအခက်အခဲ အတွက် သင့်တော်တဲ့ ဖြေရှင်းနည်းကို ယင်းဖြေရှင်းနည်းများထဲ မှ ပြန် လည်ရွေးထုတ်ဖို့လိုအပ်ပါတယ်…. တစ်ခါတစ်ရံမှာ အသေးစိတ် မစဉ်းစားထားတာမျိုး….ဒါမှမဟုတ် ဖြေရှင်းနည်းတစ်ခုတည်းနဲ့ ဖြေရှင်းတာမျိုးဟာ လွဲတာတွေ၊ ထိရောက်မှုလျှော့နည်းတာမျိုးဖြစ်တတ်ပါတယ်…. တစ်ချို့ဖြေရှင်းနည်းတွေက စဉ်းစားနေရင်းနဲ့မှ ပေါ်လာတတ်တာမျိုး…. တစ်ချို့ကြတော့ အချိန်တစ်ခုယူပြီး စဉ်းစားမှ ပေါ်လာတာမျိုးလဲ ရှိတတ်ပါတယ်… မိမိရဲ့ နောက်ဆုံးဖြေရှင်းရမယ့်….. အချိန်ထိမရောက်ခင်အထိ အတတ်နိုင်ဆုံး ချင့်ချိန်ပြီး ဖြေရှင်းနည်းကို အဖြေရှာသင့်ပါတယ်….။ (၆) အကူအညီ တစ်ချို့သော အခက်အခဲတွေက မိမိ တတ်စွမ်းနိုင်မှု ပြင်ပမှ အခက်အခဲ တွေ ရှိတတ်ပါတယ်… ယင်းကဲ့သို့သော အခြေအနေမျိုးအတွက်… ဆရာသမားများ၊ တတ်စွမ်းသူများ၊ မိဘဆွေမျိုးများကို အကူအညီတောင်းခံသင့်ပါတယ်…..။ မိမိတစ်ယောက်တည်း ကြိတ်ဖြေရှင်းလိုက်တာတွေ….၊ မိမိတစ်ယောက်တည်း ဖြေရှင်းနည်းစဉ်းစားတာတွေဟာ တကယ်တမ်းတော့ နည်းလမ်းမမှန်ပါဘူး ဦးနှောက်နှစ်ခုက စဉ်းစားတွေးတောတာဟာ အမြဲတမ်း ဦးနှောက်တစ်ခုထဲက ထွက်တဲ့ အကြံထက်ပိုကောင်း ပါတယ်…. ဒါကြောင့်မလို အတတ်နိုင်ဆုံး အကူအညီတောင်းခံပါ…. (၇) ရင်ဆိုင်ပါ… မိမိအခက်အခဲနှင့် မိမိအခက်အခဲ ဖြေရှင်းနည်းဖြင့် တွေ့ကြုံလာရသောအခက်အခဲတို့အတွက် ရင်ဆိုင်ဖို့အသင့်ပြင်ထားပါ…. ရလဒ်ချက်ချင်းထွက်လာသည်ဖြစ်စေ၊ နောက်ကျမှာထွက်လာသည်ဖြစ်စေ မိမိ ဖြေရှင်းနည်းမှ ထွက်ပေါ်လာမှ ရလဒ်အတွက် မိမိအကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်…. လူတစ်ယောက်ဟာ အသက်ရှင်နေသမျှကာလပတ်လုံး ကြိုးစားရုန်းကန်ခွင့်ရှိပါတယ်…. ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုမျိုးကလွဲ ရင် ကျန်တဲ့ အရာမျိုးကို ထပ်မံကြိုစာသင့်ပါတယ်….။ တချို့သော အခက်အခဲတွေဟာ ဖြေရှင်းရင်း ဖြေရှင်းရင်း မိမိရဲ့ ဥာဏ်ရေးဥာဏ်သွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို ပါ တတ်စေနိုင်ပါတယ်.... တခြားသူများ အခက်အခဲနဲ့ကြုံတွေရင်လည်း ကူညီဖြေရှင်းပေးဖို့ တိုက်တွန်းပါရစေဦးဗျ.... :D အမြဲတမ်းကံကောင်းမနေသလို- အမြဲတမ်းကံဆိုးမနေပါဘူး…. More Michael William